ပေါက်ခေါင်း ဒီဇင်ဘာ ၂၃
မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နေ့လယ် ၁ နာရီက ပေါက်ခေါင်းမြို့ပေါ်တွင် ရောင်းချလျက်ရှိသော ဆေးဆိုင်များရှိ ဆေးပစ္စည်းများကို စျေးနှုန်းမြှင့် ရောင်းချခြင်း ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ သည်။
ထိုသို့ စစ်ဆေးရာတွင် ဆေးဆိုင်များရှိ ဆေးပစ္စည်းများကို ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ မရှိစေရေး၊ ဆေးပစ္စည်းများ ဝယ်ယူသုံးစွဲသူများ၏ ဘေးကင်းလုံခြုံမှုရရှိစေရေးနှင့် သတ်မှတ် ရက်ကျော်လွန်သည့် ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိတို့ကို ကြည့်ရှု၍ ပြည်သူများ ဆေးပစ္စည်း နှင့် ပက်သက်၍ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်သည်များကို ဆေးဆိုင် ပိုင်ရှင်များ အား မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)