မေတ္တာ ဒီဇင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ မြေးခံကျေးရွာအုပ်စုတွင် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသည့်အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများ ၅၃၅ ဦးအား ဒီဇင်ဘာ ၂၂ ရက်နေ့တွင် (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မေတ္တာမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်း၏ ကြီးကြပ်မှုဖြင့် ထားဝယ်မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့် ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့တို့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နန်းခလိုက်( မေတ္တာ)