ငပုတော ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့မဈေးကြီးတွင် ယနေ့နံနက် (၁၀)နာရီက မီးငြိမ်းသတ်ရေး ဇက်တိုက် လေ့ကျင့်ခဲ့ကြသည်။
ရှေးဦးစွာ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ခြင်း၊ ရေကိုအသုံးပြု၍ မီးငြိမ်းသတ်ခြင်း၊ စောင်ကို ရေဆွတ်၍ မီးငြိမ်းသတ် ခြင်းတို့ကို မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦးတို့ဖြင့် မီးငြိမ်းသတ်ရေးကို ဇက်တိုက် လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ မီးငြိမ်းသတ်ရေး ဆက်တိုက်လေ့ကျင့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်မောင်နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မဈေး ကြီးကြပ်ရေးအဖွဲ့များနှင့် စျေးသူ၊ စျေးသားများ တက်ရောက်ခဲ့ကြကြောင်း သိ ရသည်။
နုနုအေး