ကံမမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အနာဂတ်ကိုမျှော်တွေးပါ စာအုပ်အား စာဖတ်ဝိုင်းဆောင်ရွက်

ကံမ  ဒီဇင်ဘာ  ၂၃

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ Community Centre  တွင် ယမန်နေ့နေ့လည် နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Clup) အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာ နတ်သျှင် (ရွှေဂူ)  အနာဂတ်ကိုမျှော်တွေးပါ  စာအုပ်အား စာဖတ်ဝိုင်း ဆွေးနွေးခဲ့ကြသည်။

ရှေ့ဦးစွာ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သန်းသန်းဆင့် က ဒေသခံပြည်သူများ စာအုပ်စာစောင် ဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ချစ်ခင်ရင်းနှီးမှုရရှိစေရေးရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး (Book Clup)  ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက စာရေးဆရာ နတ်သျှင် (ရွှေဂူ)  အနာဂတ်ကိုမျှော်တွေးပါ စာအုပ်မှ အတွေးအမြင်များ အသိများကို အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ကျော်ဇေယျဝင်း(ကံမ)