ကျိုက်လတ် ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ရုံး Community Centreခန်းမ လူထုအခြေပြုဗဟိုဌာန တွင် ယနေ့နေ့လည် ၁၂နာရီက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲ နှင့် စာအုပ်ပြပွဲတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ ဆောင်းပါးများ လွတ်လပ်ရေးသစ္စာဓိဌာန်(၉)ချက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဆိုအမိန့်များ၊ ဆောင်ပုဒ်များ၊ ကဗျာများ၊ ကာတွန်းများပြသထားရှိပြီး၊ စာအုပ်ပြပွဲတွင် လွတ်လပ်ရေးနေ့နှင့် ပက်သတ်သည့်စာအုပ်များ အပြင် သုတရသစာအုပ်များ၊ ကဗျာ၊ပုံပြင်၊မဂ္ဂဇင်း ရုပ်ပြများစုံလင်စွာ ပြသထားရှိရာ စာဖတ်ပရိသတ်နှင့်ပြည်သူများ စိတ်ဝင် စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြကြောင်းသိရသည်။
ဌေးဌေးလှိုင်