ဝန်းသိုမြို့နယ်တွင် ဆောင်းသီးနှံစိုက်ခင်းများအား ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးသူများပြား

ဝန်းသို  ဒီဇင်ဘာ  ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ အုပ်ဖိုကျေးရွာ၊ လက်ပံကြီးတော၊ သရက်အိုက်၊ ဂွေ့ကြီး၊ ရှမ်းစုကျေးရွာနှင့် စိန်လည်ကျေးရွာများရှိ ဟင်းသီးဟင်းရွက် (ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ကိုက်လန်၊ ရွှေပဲသီး) နှင့် စားဖိုဆောင်သီးနှံ (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး) ဂန္ဓမာပန်း၊ မေမြို့ပန်းစိုက်ခင်းများတွင် ရေသွင်းစိုက်ပျိုးခြင်းအစား  ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးအသုံးပြုသူ များပြားလာကြသည်။

ထိုသို့ဆောင်ရွက်ခြင်းဖြင့် အချိန်ကုန်သက်သာခြင်း၊  လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ခြင်း၊  သီးနှံအမျိုးအစားအလိုက် လိုအပ်သည့်ရေပမာဏနှင့် ရေသွင်းရမည့်အချိန် ကာလတို့ကို တွက်ချက် နိုင်ခြင်းဖြင့် ရေကိုအကျိုးရှိအောင်သုံးစွဲနိုင်ခြင်း၊ ရေငွေ့ပျံဆုံးရှုံးမှုများလျော့နည်း သက်သာပြီးရေကို ချွေတာနိုင်ခြင်း၊ စိုက်ခင်းအတွင်းသီးနှံပင်များ ရေရှိနိုင်မှု အညီအမျှဖြစ်ခြင်းတို့ကြောင့် ယခုနှစ်ဆောင်းရာသီတွင် ရေဖျန်းစနစ်ကို ပိုမိုဆောင်ရွက်လာခြင်းဖြစ်ကြောင်း အုပ်ဖိုကျေးရွာမှ သီးနှံမျိုးစုံစိုက်ပျိုးသူ တစ်ဦးထံမှ သိရသည်။

 မြင့်ထွန်းမင်း