မေတ္တာမြို့၌ မှုခင်းကျဆင်းရေးအသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်
Dec 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ မေတ္တာတံတားစစ်ဆေးရေးဂိတ်နှင့် ထားဝယ်-ထီးခီး ဟိုင်းဝေးကားလမ်းကြီး ပေါ်တို့တွင် ယမန်နေ့က မေတ္တာမြို့ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများသည် မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းနှင့် ပတ်သက်၍ မြို့အတွင်း မှုခင်းကျဆင်းစေရန် အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။