လပွတ္တာ ဒီဇင်ဘာ ၂၃
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ Clean City (မြို့သန့်ရှင်းရေး)/ Green City (မြို့စိမ်းလန်းစိုပြေသာယာလှပရေး) မြို့များဖြစ်လာစေရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်ပြီး ယမန်နေ့က မြို့နယ်များပြောင်းလဲ စစ်ဆေးခဲ့ကြောင်းသိရသည်။
လပွတ္တာမြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ ဝါးခယ်မမြို့နယ် အုပ်ချုပ်ရေးမှူး ခေါင်းဆောင်သော ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ ဝါးခယ်မမြို့နယ်လမ်း ဦးစီးဌာန၊ ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ၊တာ၀န်ခံအင်ဂျင်နီယာတို့မှ လပွတ္တာမြို့၏ မြို့၀င်မြို့ထွက်၊ မြို့တွင်းလမ်းများ၊ စျေးများ၏ သန့်ရှင်းရေးကောင်းမွန်မှုနှင့် ပတ်၀န်းကျင် ကောင်းများဖန်တီးနိုင်မှုအခြေအနေများ၊ မြို့ပေါ်ရပ်ကွက်များ၊ လမ်းများအလိုက် အမှိုက်တိုးချဲ့ သိမ်းဆည်းနိုင်မှု အခြေအနေများနှင့် စနစ်တကျစုပုံစွန့်ပစ်သည့် အခြေအနေများ၊ အမှိုက်နှင့်ပတ်သက်သော အသိပညာပေးမှုနှင့် လက်ကမ်း စာစောင်များဖြန့်ဝေနိုင်မှု အခြေအနေများ၊ လမ်းလယ်ကျွန်းများ လမ်းဘေးများ၊ ပန်းခြံများတွင် သာယာလှပရေး ဆောင်ရွက်ထား ရှိမှုစသည်တို့အား ကြည့်ရှုစစ်ဆေး အကဲဖြတ်အမှတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လပွတ္တာခရိုင် (ပြန်/ဆက်)