လမိုင်းမြို့ မြို့မ(၃)ရပ်ကွက် အ.မ.ကဘူတာကုန်းကျောင်းတွင်(၇၄)နှစ်မြောက်လွတ်လပ် ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ

လမိုင်း ဒီဇင်ဘာ ၂၃

မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့ မြို့မ(၃)ရပ်ကွက် အ.မ.ကဘူတာကုန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက  ကျောင်းဝင်းအတွင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ကျောင်းတွင်းအားကစားပြိုင်ပွဲများတွင်  မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား  ကျား/မ မီတာ ၅၀ ၊  မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အာလူး ကောက်ပြိုင်ပွဲ ၊ ဘောလုံးဖိထိုင်ပြိုင်ပွဲ၊​ဘောလုံးသယ်ပြိုင်ပွဲ၊ ကြယ်သီးတပ်ပြိုင်ပွဲ၊ဘောလုံးလက်ဆင့်ကမ်းပြိုင်ပွဲ၊ဇွန်းကိုက်ပြိုင်ပွဲနှင့်ပူပေါင်းဖောက်ပြိုင်ပွဲစသည့်ပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ အား  ကျောင်းအုပ်ဆရာကြီး၊ ပြန်/ဆက်ဦးစီးမှုးနှင့် ရပ်မိရပ်ဖများကဆုများအသီးသီးချီးမြှင့် ပေးသည်။ ထိုသို့ အားကစားပြိုင်ပွဲများပြု လုပ်ဆောင်ရွက် ပေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူကလေးများ ကိုယ်ကာယ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာကြံ့ခိုင် သန်စွမ်းစေရန်၊ အချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရန်၊ ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်များရရှိ စေရန်နှင့် လွတ်လပ်ရေးအား အသက်နှင့် ယှဉ်ကာတန်ဖိုးထားမြတ်နိုးတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ကျောင်းအုပ် ဆရာ​ကြီးဦးဝိဇ္ဇာလင်းကပြောပြခဲ့ကြောင်း သိရသည်။

ဖြူဖြူအေး(ပြန်/ဆက်)