သတင်းများ

ဆီဆိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ
Dec 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် လူငယ်နှင့် အားကစားဆိုင်ရာ အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်​ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်
Dec 23,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အမှတ် ၁၂ ရပ်ကွက်၊ သိပ္ပံပစ္စည်းစက်ရုံ၀န်း၊ လှိုင်ကုသရေး စင်တာတွင် ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆေးထိုးနှံရာတွင် ရပ်ကွက်(၁၆)ခုအတွင်းရှိ အသက်(၁၈)နှစ်အထက် ရပ်ကွက်နေ ပြည်သူများ ပထမအကြိမ် စုစုပေါင်း (၁၅၆)ဦးနှင့် ဒုတိယအကြိမ် စုစုပေါင်း(၅၀) ဦးကို နှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
လမ်းမ‌တော်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာရွတ် ပြိုင်ပွဲ၊ နံရံကပ်စာစောင်၊‌ ဆေးရောင်စုံပန်ချီပြိုင်ပွဲများ ကျင်းပဆောင်ရွက်
Dec 23,2021
ရန်ကုန်အ‌နောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်၊ ကဗျာရွတ်ပြိုင်ပွဲ၊ နံရံကပ် စာစောင်များ၊ ဆေးရောင်စုံပန်ချီပြိုင်ပွဲများကို ယနေ့နံနက်(၁၀) နာရီက လူထုအခြေပြု (Community Centre) ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လမ်းမတော်မြို့နယ် လူထုအခြေပြု (Community Centre) တွင် စာဖတ်ဝိုင်းပြုလုပ်
Dec 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ အ‌နောက်ပိုင်းခရိုင် (လမ်းမတော်မြိုနယ်)ရုံးတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က လူထုအခြေပြု (Community Centre)တွင် တက္ကသိုလ်နေဝင်းရေးသားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်း စကားသံ
Dec 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေး၊ လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြလိုက်ပါသည်။
မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေး လှည့်လည်နှိုးဆော်
Dec 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီ အချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicron) ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ရှမ်းဘာသာနှစ်မျိုးဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို သဲနီကျေးရွာနှင့် ဒေါင့်ကြီးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ကရင်၊ မွန်တိုင်းရင်းသား သမိုင်းစာအုပ်များနှင့် ဆလုံရိုးရာပုံပြင် စာအုပ်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ စာကြည့်တိုက်များသို့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
Dec 23,2021
ကရင်၊ မွန်တိုင်းရင်းသားသမိုင်းစာအုပ်များနှင့် ဆလုံရိုးရာပုံပြင်စာအုပ်များအား တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ စာကြည့်တိုက်များသို့ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆီဆိုင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေး
Dec 23,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ မြန်မာနိုင်ငံသားများ ဖြစ်ကြသောတိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့်    ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းမှ ဒီဇင်ဘာ  ၂၂ ရက်နေ့ ညနေပိုင်းအထိ  ပါလော ပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာ၊ အောင်သုခရပ်ကွက်အတွင်းရှိ  ဒေသခံပြည်သူများသို့  အခမဲ့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။