ပန်းခင်းစီမံချက်ဖြင့် မြန်အောင်မြို့နယ် အ.ထ.က(တာခွ) ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

မြန်အောင် ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် ဦးစီးမှူး ရုံးဝန်ထမ်းများသည် ယနေ့နံနက်က မြန်အောင်မြို့နယ် တာခွတဲကြီးကုန်းကျေးရွာအုပ်စု ..က(တာခွ) ကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့်  မြန်အောင်မြို့နယ် တာခွတဲကြီးကုန်းကျေးရွာအုပ်စု ..က (တာခွ)ကျောင်းတွင် အသက်(၁၀) နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်းပြည့်မီသူ ကျောင်းသား/ ကျောင်းသူ (၁၀၃)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြန်အောင်မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင် ကြီးကြပ်မှုဖြင့် မြို့နယ်ရုံးဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အသက် (၁၀)နှစ်မှ (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်း ပြည့်မီသူများ အား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ ကတ်အသစ် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုစာရင်း မသွင်းရသေးသူများ အား စာရင်းသွင်းပေးခြင်း၊ အိမ်ထောင်စုစာရင်းမရှိသော မိသားစုများကို အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းတို့ မြို့နယ် အတွင်း ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

ဝင်းဗိုလ်