မြိုင် ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုတ်မြှင့် ဆောင်ရွက်လျက်ရှိရာ အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းကို မြို့နယ်ယာယီဈေးအနီးတွင် နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြိုင်မြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်း၍ အသံချဲ့စက်ဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းစသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ယာယီဈေးအနီးတွင် အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းလုပ်ငန်းဖြစ်သည့် ဈေးဝယ်လာသူ မိဘပြည်သူများအနေဖြင့် Mask စနစ်တကျတပ်ဆင်ရေး၊ Mask တပ်ဆင်ထားသည့် ဈေးရောင်းသူများထံတွင်သာ ဝယ်ယူရေးနှင့် လက်ကိုမကြာခဏဆေးကြောနိုင်ရေးစသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နည်းလမ်းများကို နေ့စဉ်အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
သူရ(ပုံတောင်)