မိုင်းရှူး ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မိုင်းရှူးမြို့၊ အမှတ်(၁)အခြေခံပညာ မူလတန်း ကျောင်းတို့ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က အမကကျောင်းဝင်း၌ ပြုလုပ်ခဲ့သည်။
ပြိုင်ပွဲမစတင်မီ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိန်ငွေနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မန်ဆန်းလွန်တို့က လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့် ပြိုင်ပွဲကျင်းပရခြင်း အကြောင်းများပြောကြားရာ မူလတန်းအရွယ် ကျောင်းသား/သူများ၊ လူငယ် လူရွယ်များ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များ နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ် ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့်လူ ငယ်လူရွယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် မီတာ(၅၀) အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပူစီပေါင်းမှုတ်ပြိုင်ပွဲ၊ အရောင်ရွေးချယ်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစား ခဲ့ကြပြီး ဆုရရှိသည့် ကျောင်း သား/သူများကို ဆုငွေနှင့် အမှတ်တရပစ္စည်းများ ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)