သတင်းများ

ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းတည်ငြိမ်သာယာဝပြောခြင်းများနှင့်ပြီးပြည့်စုံကြပါစေကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော်(ဘုရားရှိခိုးကျောင်း)များသို့ သွားရောက်ဂါရဝပြုတွေ့ဆုံရာတွင်ပြောကြား
Dec 25,2021
ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခရစ်ယာန်ဘာသာဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သား များအားလုံး ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းတည်ငြိမ်သာယာဝပြောခြင်းများနှင့် ပြီးပြည့်စုံကြပါစေကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက   ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ ခရစ်ယာန် အသင်းတော် (ဘုရားရှိခိုးကျောင်း)များသို့ သွားရောက်ဂါရဝပြုတွေ့ဆုံရာ၌ ဆုတောင်းစကားပြောကြားသည်။
ညောင်လေးပင်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများအား ကွင်းဆင်းဆောင်ရွက်ပေး
Dec 25,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညောင်လေးပင်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ဒီဇင်ဘာ လ ၂၄ ရက် နံနက် ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မြို့မ(၂)ရပ်ကွက် ကြားတောရ(၂)လမ်းရှိ တပ်ဦးကျောင်းတိုက်၌ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အလုံမြို့နယ်၌ ကိုဗစ်-၁၉ ကာလနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးသော ပရဟိတအသင်းများအား ဂုဏ်ပြု​ငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ ​ပေးအပ်
Dec 25,2021
ကိုဗစ်.-၁၉ကာလနှင့် ကိုဗစ်.-၁၉ကာကွယ်ဆေး ထိုးလုပ်ငန်းစဥ်များတွင် ကူညီဆောင်ရွက်ပေးသော ပရဟိတအသင်းအား ဂုဏ်ပြု​ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှမ်များ ​ပေးအပ်ခြင်း အခမ်းအနားကို ယမန်​နေ့၊ မွန်းလွဲ(၂း၀၀) နာရီအချိန်က အလုံမြို့နယ် အမှတ်(၄) အ​ခြေခံပညာအထက်တန်း​ကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပြုလုပ်ခဲ့​ကြောင်း သိရသည်။
ရေတာရှည်မြို့တွင် အာစရိယထေရဂုဏပူဇာမင်္ဂလာ နှင့် သြဝါဒခံယူပူဇော်ပွဲကျင်းပ
Dec 25,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့တွင် ရေတာရှည် မြို့နယ်လုံးဆိုင်ရာ အာစရိယ ထေရဂုဏပူဇာမင်္ဂလာနှင့် သြဝါဒခံယူပူဇော်ပွဲအခမ်း အနားအား ယမန်နေ့ နံနက် ၉ နာရီအချိန်က ရေတာရှည်မြို့၊ အမှတ်(၁) ရပ်ကွက်ရှိ မြို့ဦးပရိယတ္တိစာသင်တိုက် ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။
ဂွမြို့၊ မြို့မရပ်ကွက် အလယ်ရွာကမ်းခြေဦးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Dec 25,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှလဝကမှူးနှင့် ဝန်ထမ်းများသည် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား  ယမန်နေ့ နံနက်ပိုင်းက အလယ်ရွာ  ကမ်းခြေဦးရှိ သာသနာ့သုခကာရီ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ဥပဒေနှင့်အညီ  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Dec 25,2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်၊ ရွေးကောက်ပွဲတွင် ပြောင်းလဲလာသော ခေတ်အခြေအနေအရ၊သင့်လျော်သည့် ရွေးကောက်ပွဲစနစ်မျိုးကိုကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက်၊ အချိုးကျကိုယ်စားပြုစနစ် (PR) အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောင်ပွဲစနစ်များနှင့် စပ်လျဥ်း၍ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၉နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မဂ်လာခန်းမ၌ ကျင်းပသည်။
ဆီဆိုင်မြို့ဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Dec 25,2021
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ရာ မတော်တဆမီးလောင်မှု မရှိစေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့မဈေးတွင် ဒီဇင်ဘာ  ၂၃ ရက် မွန်းလွှဲ ၁ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဈေးမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ပဲခူးခရိုင်(Community Centre)ခန်းမ၌ ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်
Dec 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပန်းအလှထိုးနည်းသင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။