သတင်းများ

အုတ်ဖိုမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ ထက်/လယ်အဆင့် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Dec 25,2021
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတတ်ရေး အစီအစဉ်(TSDP)အရ မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော အခြေခံပညာကျောင်းပေါင်းစုံ ထက်/လယ် အဆင့် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Dec 25,2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပေးအပ်ပွဲ သန်လျင်၌ ကျင်းပ
Dec 25,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး (သန်လျင်)မှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးကြသည်။
ကျောက်တလုံးကြီးမြို့၊ နောင်ခဲ-အထက(ခွဲ)၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေး
Dec 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လဝကမှူးဦးဇော်မြင့် ကြီးကြပ်၍ ကျောက်တလုံးကြီးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ရှေ့တန်းရုံးမှ ဝန်ထမ်းများတို့က လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နောင်ခဲ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားစီစစ်ရေးကတ်ပြားကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
 ရပ်စောက်၌ ပန်းခင်းစီမံချက်အသိပညာပေး Talk Show ဆောင်ရွက်
Dec 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်များ ဆောင်ရွက်ပေးလျက်ရှိသည့် ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး Talk Show ကို ဒီဇင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် ၌ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Dec 25,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် အထက်ကျွဲကြိုမော်ကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဥပဒေနှင့်အညီဆောင် ရွက်ပေးလျက်ရှိရာယနေ့နံနက်ပိုင်းအချိန်ထိအဆိုပါ ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုလဝကမှူး ဦးကျော်နိုင်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ ရေစင်ကွင်းဈေး၊ လေဆိပ်ရှေ့ပန်းခြံဆောင်ရွက် နေမှုနှင့် အေးမြသာယာဈေး၌ ညဈေးတန်းဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 25,2021
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ ရေစင်ကွင်းဈေး အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ လေဆိပ်ရှေ့ပန်းခြံ ဆောင်ရွက်နေမှုနှင့် အေးမြသာယာဈေး၌ ညဈေးတန်း ဖွင့်လှစ်ရောင်းချနိုင်ရေးတို့အတွက် ဒီဇင်ဘာ ၂၄ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် ပြည်နယ်အတွင်း စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသူများအား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ပေးအပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Dec 25,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် ပြည်နယ်အတွင်း စွမ်းစွမ်းတမံထူးချွန်စွာ ထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ထူး ဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။