ဂွမြို့၊ မြို့မရပ်ကွက် အလယ်ရွာကမ်းခြေဦးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

ဂွ    ဒီဇင်ဘာ   ၂၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှလဝကမှူးနှင့် ဝန်ထမ်းများသည် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား  ယမန်နေ့ နံနက်ပိုင်းက အလယ်ရွာ  ကမ်းခြေဦးရှိ သာသနာ့သုခကာရီ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ဥပဒေနှင့်အညီ  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့မရပ်ကွက် အလယ်ရွာကမ်းခြေဦးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ ပြားမရှိသူများအား ဥပဒေနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ  အသက်(၁၈)အထက် ကျား (၃၆)ဦး၊မ(၂၈)ဦးနှင့် အသက်(၁၈)အောက် ကျား(၇)ဦး၊ မ(၈)ဦး စုစုပေါင်း ကျား(၄၃)ဦး၊ မ(၃၆) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်

09264793405