သတင်းများ

ကျောက်ပန်းတေင်းမြို့နယ် ပုပ္ပားတောင်ကလပ် ဘဏ္ဍာတော်ထိန်းဂေါပက လုပ်ငန်းတာဝန်စတင်၍ ဩဝါဒစရိယဆရာတော်ကြီးများထံမှ (ပထမအကြိမ်) ဩဝါဒခံယူခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Dec 25,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ လုပ်ငန်း တာဝန်စတင်ခြင်းနှင့် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ (ပထမအကြိမ်) ဩဝါဒခံယူ၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို၊ ယမန့်နေ့နံနက်(၁၀)နာရီက တောင်ကလပ်ရှိ အောင်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ရိုင်၊ ပုသိမ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Dec 24,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငဝန်မြစ်အတွင်း ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားကိုပုသိမ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး အနောက်ဖက် ငဝန်မြစ်ကမ်း ဘေးတွင် ယနေ့ နံနက်ပိုင်းတွင်ကျင်းပသည်။ အခမ်းအနားသို့ ပုသိမ်ခရိုင် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် ပုသိမ်ခရိုင်၊ မြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနမှူးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ယစ်မျိုးလိုင်စင်ကတ်ပြား ပေးအပ်ပွဲပြုလုပ်
Dec 24,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊ မတ်လအထိ(၆)လအတွက် ခွင့်ပြုချထားပေးသည့် လိုင်စင် ကတ်ပြားများ ပေးအပ်ပွဲကို ယမန် နေ့ မွန်းလွဲ ၂ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်က အဖွင့် အမှာစကားပြောကြားခဲ့သည်။
မောက်မယ်မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ
Dec 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စျေးတန်းရပ်ကွက် အခြေခံ ပညာအလယ်တန်းကျောင်းခွဲတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲ များကို ယမန်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ငပု​တောမြို့နယ် လူထုအခြေပြုဗဟိုဌာနCommunity Centreခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) အားကစားပြိုင်ပွဲများ ပြုလုပ်
Dec 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ငပု​တောမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပြုလုပ်ခဲ့​ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ဆောက်လုပ်ပြီးစီးသည့် ကျောင်းသား အိပ်ဆောင် အဆောက်အအုံလွှဲပြောင်းပေးအပ်ပွဲကျင်းပ
Dec 24,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တက်ရောက်ပညာသင်ကြား နေသော ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ နေထိုနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် ကျောင်းသား အိပ်ဆောင် အဆောက်အအုံသစ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက အဆိုပါ တည်ဆောက်ပြီးစီးသည့် အဆောက် အအုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်ရုံးတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ခြင်းနှင့် ဂိမ်းကစားပွဲများ ကျင်းပ
Dec 24,2021
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ခြင်းနှင့် ဂိမ်းကစားပွဲများ ပြုလုပ် ကျင်းပပေးခြင်းကို ယနေ့နေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေး စာဖတ်ခန်း နှင့် ဘက်စုံသုံးခန်းမတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
မရမ်းကုန်းမြို့နယ်အတွင်း ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်ပေးမည့် "ပန်းခင်း" စီမံချက် လက်ကမ်းစာစောင် များဖြန့် ​ဝေ
Dec 24,2021
တိုင်းရင်းသား/ဥပဒေအရ နိုင်ငံသားများအားဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့် သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက် ရန်ကုန်-အင်းစိန်လမ်းကြီးရှိ