ညောင်လေးပင် ဒီဇင်ဘာ ၂၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညောင်လေးပင်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ဒီဇင်ဘာ လ ၂၄ ရက် နံနက် ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မြို့မ(၂)ရပ်ကွက် ကြားတောရ(၂)လမ်းရှိ တပ်ဦးကျောင်းတိုက်၌ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ညောင်လေးပင် မြို့နယ်အနေဖြင့် “ပန်းခင်းစီမံချက်” ဖြင့် မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် အသက်(၁၆)နှစ် အထက်နှင့် အသက်(၁၈)နှစ် အထက် ပြည်သူများအား မေလ ၃ ရက်နေ့မှ စတင်၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ (၁၈)လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် မေလ ပထမပတ်မှစ၍ သက်ဆိုင်ရာ စိစစ်ရေးကတ်များ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ၁၆ နှစ် ပြည့် နှင့် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)