အလုံ ဒီဇင်ဘာ ၂၅
ကိုဗစ်.-၁၉ကာလနှင့် ကိုဗစ်.-၁၉ကာကွယ်ဆေး ထိုးလုပ်ငန်းစဥ်များတွင် ကူညီဆောင်ရွက်ပေးသော ပရဟိတအသင်းအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှမ်များ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့၊ မွန်းလွဲ(၂း၀၀) နာရီအချိန်က အလုံမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်ဇော် နိုင်တို့က ကိုဗစ်.-၁၉ ကာလနှင့်ကာကွယ်ဆေးထိုးလုပ်ငန်းစဥ်များတွင် မွန်မြတ်သော စိတ်စေတနာဖြင့် ကူညီဆောင်ရွက်ပေးသော ပရဟိတအသင်းများအား ကျေးဇူးတင်ဂုဏ်ပြု စကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ကိုဗစ်-၁၉ ကာလနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်များတွင် ကူညီဆောင် ရွက်ပေးသော ပရဟိတအသင်း (၄)သင်း၊ အရန်မီးသတ်တပ်ဖွဲ့ ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမူ ဝန်ထမ်းဦ:စီးဌာနတို့အား ဂုဏ်ပြုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ပရဟိတအသင်းအဖွဲ့များအား အဖွဲ့ဝင်စီစစ်ရေးကဒ်၊ မော်တော်ယာဉ်စီစစ်ရေးကဒ်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်ဇော်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ၊ပရဟိတအသင်းအဖွဲ့များ ၊အရန် မီးသတ်တပ်ဖွဲ့ဝင်များ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ( ပြန်/ဆက်)