သတင်းများ

မအူပင်ခရိုင်လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမ၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (Talk Show) ဆောင်ရွက်
Dec 24,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက်လွတ်လပ်ရေး နေ့အထိမ်းအမှတ် (Talk Show) ကို မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့ သည်။
ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၇၄ နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများကျင်းပ
Dec 24,2021
ဧရာတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတွင်ကျောင်းသား ၊ ကျောင်းသူများ အသိပညာ ဗဟုသုတများစွာ ရရှိစေရန်နှင့် ဉာဏ်ရည် ပိုမိုဖွံ့ဖြိုးတိုး တက်စေရန် ရည်ရွယ်၍ (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့ အကြို အထိမ်း အမှတ်အဖြစ် ပုံပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်ခြင်းများကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန စာကြည့်တိုက်ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ဘူးသီးတောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်ရွာမ ကျေးရွာတွင်းရှိ နေအိမ်များ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး
Dec 24,2021
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရွာမကျေးရွာ အတွင်းရှိ နေအိမ်များအားမီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မီးသတ် တပ်ဖွဲ့ဝင် များက ယနေ့ နံနက် ၉ နာရီ အချိန်က မြေပြင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကြို့ပင်ကောက်မြို့၌ အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ပြေးခုန်ပစ်အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Dec 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော ပြေးခုန်ပစ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက မီတာလေးရာ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
မတ္တရာမြို့နယ်၌ ရတနာတိုး မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
Dec 24,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် လက္ကောင်းကြီးကျေးရွာ အုပ်စု ကံဖြူ အနောက်ကွင်း ကွင်းအမှတ် (၂၂၅) ဦးပိုင် အမှတ် (၃၈) တောင်သူ ဒေါ်ချိုပြုံးရီ စိုက်ပျိုး ထားသော ရတနာတိုး မိုးစပါး ၀ဒဿမ၀၀၁ဧက စံကွက်ရိတ်သိမ်းပွဲကို ဒီဇင်ဘာ ၂၃ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိုးကောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး Talk Show  ပြုလုပ်
Dec 24,2021
မိမိတို့ပတ်ဝန်းကျင်တွင် လူမှုဘဝရုန်းကန်နေထိုင်ကြရင်း ပတ်ဝန်းကျင်ကိုမည်သို့ ထိန်းသိမ်းရမည် ကို မေ့လျော့နေကြသည့် ပြည်သူများအား အသိပညာ ဗဟုသုတရရှိစေရေးအတွက် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ် Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Dec 24,2021
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Center ခန်းမ၌ "ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ" စာအုပ်ဖြင့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။
သီပေါမြို့နယ်တွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူ(၁၂၅၃၂)ဦးတက်ရောက် ပညာသင်ကြား
Dec 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်တွင် ၂၀၂၁ခုနှစ် ၊နိုဝင်ဘာ (၁)ရက်နေ့မှစ၍ အခြေခံပညာ ကျောင်းများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် သင်ကြား ပေးလျက်ရှိရာ သီပေါမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း(၁၃၃)ကျောင်း ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။