ပဲခူးခရိုင်(Community Centre)ခန်းမ၌ ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်

ပဲခူး      ဒီဇင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပန်းအလှထိုးနည်းသင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက ရုံးဌာနများ၊ အခမ်းအနားများပြင်ဆင်ရာတွင် အသုံးပြုနိုင်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ကျွမ်းကျင်ပညာရှင်ဒေါ်သီရိဝေက ပန်းအလှထိုးနည်းများကို သင်ကြားပြသပေးခဲ့သည်။ သင်တန်းသို့ ခရိုင်နှင့်မြို့နယ်အတွင်းရှိ သင်တန်းသူ(၁၅)ဦး တက်ရောက်ကာ လက်တွေ့ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရ သည်။

 ခရိုင်