ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်၊ ရွေးကောက်ပွဲတွင် ပြောင်းလဲလာသော ခေတ်အခြေအနေအရ၊သင့်လျော်သည့် ရွေးကောက်ပွဲစနစ်မျိုးကိုကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက်၊ အချိုးကျကိုယ်စားပြုစနစ် (PR) အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောင်ပွဲစနစ်များနှင့် စပ်လျဥ်း၍ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၉နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မဂ်လာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များ၊ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း​ဒေသကြီးဥပ​ဒေချုပ်နှင့် နိုင်ငံ​ရေးပါတီများမှ ကိုယ်စားလှယ်များ တက်​ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးကအဖွင့်အမှာစကားပြောကြားရာတွင် ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်နှင့် နိုင်ငံ​ရေးပါတီများသည် စတုတ္ထအကြိမ်​မြောက်​ တွေ့ဆုံ​ဆွေး​နွေးခြင်းဖြစ်ပါ​ကြောင်း၊၂၀၂၁ခုနှစ်​ဖေ​ဖော်ဝါရီလ၊​ မေလနှင့် ​အောက်တိုဘာလများတွင်​ တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် သင့်​လျော်ကိုက်ညီတဲ့​ ရွေး​ကောက်ပွဲစနစ်​ ပြောင်းလဲကျင့်သုံးရန်​ဆွေး​နွေးခဲ့ခြင်းဖြစ်ပါ​ကြောင်း၊ နိုင်ငံ​ရေးပါတီများကလည်း စာတမ်းများတင်ပြဖတ်ကြားခဲ့သလို၊ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်အ​နေဖြင့်လည်း​ဆောင်ရွက်သင့်တဲ့ အ​ခြေခံအချက်များကို အကျယ်တဝင့် ရှင်းလင်းခဲ့ပါ​ကြောင်း၊ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်အ​နေဖြင့် နိုင်ငံ​ရေးပါတီများ အချင်းချင်း​ ဆွေး​နွေးညှိနှိုင်းအချိန်​​​ပေးကာ​ တွေ့ဆုံ​ဆွေး​နွေးခြင်းများ​ ဆောင်ရွက်နိုင်ရန် နိုဝင်ဘာ(၂၂)ရက်​နေ့က အ​ကြောင်းကြားပြင်ဆင်ခဲ့ပါ​ကြောင်း၊ ယ​နေ့မှာ အစုအဖွဲ့အလိုက် ပြည်သူ့လွှတ်​တော်၊ အမျိုးသားလွှတ်​တော်နှင့် တိုင်း​ဒေသကြီးလွှတ်​တော်များအတွက် PR စနစ်အရ​ ဆောင်ရွက်သင့်သည့်​ ရွေး​ကောက်ပွဲဒီဇိုင်းကို ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ ၂၀၀၈ ရဲ့မူ​ဘောင်အတွင်းမှ နှစ်ရက်တာ​ဆွေး​နွေးညှိနှိုင်းပြီးသုံးရက်​မြောက်​နေ့မှာအစုအဖွဲ့အလိုက်​ ဆွေး​နွေးရရှိလာတဲ့စာတမ်းတစ်​စောင်စီကိုဖတ်ကြား​ဆွေး​နွေးကြမှာဖြစ်ပါ​ကြောင်း၊ဖွဲ့စည်းပုံအ​ခြေခံ ဥပ​ဒေရဲ့ အနှစ်သာရဖြစ်သည့် ပါတီစုံဒီမိုက​ရေစီ​ဖော်​ဆောင်နိုင်ရန်အတွက်​ရွေး​ကောက်ပွဲစနစ်များ​ဖော်​ဆောင်ခြင်း၊ ​ရွေး​ကောက်ပွဲနယ်​မြေများသတ်မှတ်ခြင်း၊ လွတ်လပ်၍တရားမျှတ​သော​ရွေး​ကောက်ပွဲများကျင်းပခြင်းတို့​ဆောင်ရွက်ရာတွင် PR စနစ်ကို ကျင့်သုံးခြင်းဖြင့် ပါတီအများအပြားသည်၊​ ရွေး​ကောက်ပွဲတွင်ရရှိသည့်ဆန္ဒမဲများအရ အချိုးကျအနိုင်ရရှိကာ၊ ဥပ​ဒေပြု​ရေး၊အုပ်ချုပ်​ရေးကဏ္ဍများတွင် ပါဝင်​ဆောင်ရွက်လာနိုင်မည်ဖြစ်ပါ​ကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စုငယ်​လေးများ၏ ကိုယ်စားလှယ်များ၊ လွှတ်​တော်သို့ဝင်​ရောက်နိုင်သည့် အခွင့်အ​ရေးများကို ရရှိလာမည်ဖြစ်ပါ​ကြောင်း၊ မဲဆန္ဒရှင်အများစုရဲ့ အခွင့်​အ​ရေးရရှိသည့်အပြင် မဲဆန္ဒရှင်တစ်ဦးခြင်းရဲ့ အခွင့်​အ​ရေးလည်းရရှိလာမည်ဖြစ်ပါ​ကြောင်း၊ ဒီလို​ဆောင်ရွက်ခြင်းဖြင့်အားလုံးပါဝင်​ဆောင်ရွက်မှု( All INCLUSIVE သ​ဘောတရားလည်းဖြစ်ပါ​ကြောင်း၊ လွှတ်​တော်အတွင်းတစ်ပါတီကြီးစိုးလွှမ်းမိုးမှုကို​ လျော့ချပြီးပါတီစုံပါဝင်ခြင်းဖြင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအ​​ခြေခံဥပ​ဒေ၏ နိုင်ငံ​တော်အ​ခြေခံမှုဖြစ်သည့် ပါတီစုံဒီမိုက​ရေစီစနစ်ကိုကျင့်သုံးနိုင်မှာဖြစ်ပါ​ကြောင်း၊ ယခု​ဆွေး​နွေးပွဲမှာ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်နှင့် နိုင်ငံ​ရေးပါတီများ​ ရွေး​ကောက်ပွဲစနစ်နှင့် စပ်လျဥ်း၍ သ​ဘောတူညီခဲ့ပြီးဖြစ်သည့် PR စနစ်ဖြင့်ပြည်သူ့လွှတ်​တော်၊ အမျိုးသားလွတ်​တော်၊ တိုင်း​ဒေသကြီးနှင့်ပြည်နယ်လွှတ်​တော်များတွင် လိုက်​လျော်ညီ​ထွေကျင့်သုံး​ဆောင်ရွက်မည့်​ရွေး​ကောက်ပွဲဒီဇိုင်းကို အ​ကြေအလည် ညှိနှိုင်းပြီး​ဆွေး​နွေးကြရန် ဖြစ်ပါ​ကြောင်း​ပြောကြားသည်။

ဆက်လက်၍ နိုင်ငံ​ရေးပါတီ( ၆၂ )ပါတီမှ​ဆွေး​နွေးမည့်သူ( ၁၁၅ )ဦးတို့ကအစုအဖွဲ့( )ဖွဲ့ဖြင့်ပြည်သူ့လွှတ်​တော်( )ဖွဲ့၊ အမျိုးသားလွှတ်​တော် ( )ဖွဲ့၊တိုင်း​ဒေသကြီး၊ပြည်နယ်လွှတ်​တော် ( )ဖွဲ့စီကိုပါတီအကြီးအငယ်အလိုက် မျှတ​အောင် စုဖွဲ့၍​ ဆွေး​နွေးခဲ့ကြသည်၊​ ဆွေး​နွေးပွဲအဆင်​ပြေရန်အတွက် ပြည်​ထောင်စု​ ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများကဝိုင်းဝန်ကူညီ​ဆောင်ရွက်​ပေးခဲ့​ကြောင်းသိရှိရသည်။

​အောင်မြင့်