ရေတာရှည် ဒီဇင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့တွင် ရေတာရှည် မြို့နယ်လုံးဆိုင်ရာ အာစရိယ ထေရဂုဏပူဇာမင်္ဂလာနှင့် သြဝါဒခံယူပူဇော်ပွဲအခမ်း အနားအား ယမန်နေ့ နံနက် ၉ နာရီအချိန်က ရေတာရှည်မြို့၊ အမှတ်(၁) ရပ်ကွက်ရှိ မြို့ဦးပရိယတ္တိစာသင်တိုက် ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ခဲ့ပြီး မြို့ဦး ပရိယတ္တိစာသင်တိုက် ဦးစီးပဌာနဆရာတော် ဘဒ္ဒန္တပညာဇောတမှ အပူဇော်ခံ ဆရာတော်ကြီးများအား ပူဇော်ခွင့်ပေးပါရန် လျှောက်ထားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဥက္ကာသန်းက သာသနာရေးရာများ လျှောက်ထားခဲ့ သည်။
ဆက်လက်၍ အပူဇော်ခံ ဆရာတော်ကြီး(၁၇)ပါးအား မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ နှင့် အလှူရှင်များက အလှူငွေနှင့်လှူဘွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး သက်တော် (၈၉) နှစ်၊ ဝါတော်( ၆၈) ဝါရှိ လုံးရမ်းကျောင်းဆရာတော်ကြီး ဘဒ္ဒန္တသြဘာသ၏ ဆုံးမသြဝါဒတရား မြွက်ကြားမှုကို စုပေါင်းနာယူခဲ့ ကြောင်းသိရသည်။
မြို့နယ်