သတင်းများ

ရွှေကူမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများနှင့် ဖူဆယ်လ်ဘောလုံး (အလွတ်တန်း) ပြိုင်ပွဲများ ကျင်းပ
Dec 27,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် မြို့မအားကစား ကွင်းတွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ အားကစားပြိုင်ပွဲများနှင့် ဖူဆယ်လ်ဘော လုံး(အလွတ်တန်း)ပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိကြောင်း မြို့နယ်အား ကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ပိုင်ကျုံမြို့ ဒေါ်လန်း-ဘုရားကုန်း ကျေးရွာချင်းဆက် မြေသားလမ်း (၆)ဖာလုံအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း(၇၀)ရာခိုင်နှုန်းခန့် ပြီးစီး
Dec 27,2021
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ဒေါ်လန်း‌ ကျေးရွာအုပ်စု၊ ဒေါ်လန်း-ဘုရားကုန်း ကျေးရွာ ရွာချင်းဆက် မြေသားလမ်းအား ကွန်ကရစ်လမ်း အဖြစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို နို၀င်ဘာလ ၂၄ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် (၇၀)ရာခိုင်းနှုန်းခန့် ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။
ကံမမြို့၌ ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်
Dec 27,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ  ၅ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ် (၁)ရပ်ကွက်  မင်းကုန်းရပ်၌ ဆောင်ရွက်ခဲ့ကြသည်။
ဘီးလင်းမြို့နယ်၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ငလျင်ဘေးကြိုတင် ကာကွယ်ရေး လက်တွေ့ ဇာတ်တိုက်လေ့ကျင့်
Dec 27,2021
သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ငလျင်ဘေးအန္တရာယ် လက်တွေ့ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်း က မြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
အမှိုက်မစွန့်ပစ်ရန် အသိပေးဆိုင်းဘုတ်ထူခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းဆောင်ရွက်
Dec 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများစည်းကမ်းလိုက်နာနိုင်ရန်၊ လမ်းဘေးဝဲယာတွင်အမှိုက်များမစွန့်ပစ်ရန် အသိပေးဆိုင်းဘုတ်ထူခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ဥတ္တရသီရိမြို့နယ်တွင် ကျေးရွာစီမံကိန်းရန်ပုံငွေများလွှဲပြောင်းပေးအပ်
Dec 27,2021
၂၀၂၁-၂၀၂၂ခု၊ (၆)လဘဏ္ဍာရေးနှစ်အတွင်း ဥတ္တရသီရိမြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာများသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမ်းမြို့နယ်ရှိ ဝါဆိုသံဃာတော်များနှင့် တိုက်ပွဲရှောင်ပြည်သူများအား စားအုံးဆီ ထောက်ပံ့ပေးအပ်
Dec 27,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌  ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝါဆိုသံဃာတော်များနှင့် တိုက်ပွဲရှောင်ပြည်သူများအထံသို့ စားအုံးဆီ ‌ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာလ(၂၇)ရက် နံနက်(၉) နာရီအချိန်ကပြုလုပ်ခဲ့သည်။
နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် National Case Management Program (NCMP) တရားစီရင်ရေးနှင့် ဆက်စပ်သည့် ရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Dec 27,2021
မွန်ပြည်နယ်တရားလွှတ်တော် မုဒုံမြို့နယ်တရားရုံးမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး တစ်နိုင်ငံလုံးရှိ တရားရုံးများတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ် National Case Management Program (NCMP) တရားစီရင်ရေးနှင့်ဆက်စပ်သည့် ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းဝေးခန်းမ၌ ကျင်းပသည်။