သတင်းများ

ခမောက်ကြီးမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Dec 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့  အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ခမောက်ကြီးမြို့ မူလွန်အမှတ်(၄)စာသင်ကျောင်းတွင် ယနေ့ နံနက်(၁၀)နာရီခန့်က ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ RDT Test Kit ဖြင့် စစ်ဆေး
Dec 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေးစုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံမှ ယမန်နေ့ညက ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ပညာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးစင်တာတွင် ထားရှိပြီး ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်အမျိုးသား(၁၉)ဦး၊ အမျိုးသမီး(၁၅)ဦး စုစုပေါင်း(၃၄)ဦးတို့အား RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့များက စစ်ဆေးဓါတ်ခွဲအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် တိုင်းရင်းဆေး ပညာအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ
Dec 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် တိုင်းရင်းဆေးဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းရင်းဆေးပညာ အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က ဗိုလ်တထောင် မြို့နယ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Dec 27,2021
ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်‌ ဆောင်ရွက်လျက်ရှိရာ ယနေ့၊ နံနက်ပိုင်းက ပုံပြောခြင်း အစီအစဉ်အား ဝန်ထမ်းများက ရိုက်ကူးထုတ်လွှင့်ပေးခဲ့ ကြောင်းသိရသည်။
မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 27,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်‎ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့က ဒေသခံပြည်သူ ၄၀ ဦး လာရောက်ထိုးနှံကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မိတ္ထီလာခရိုင်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပမည်
Dec 27,2021
 မိတ္ထီလာခရိုင်အတွင်းရှိ ၂ဝ၂၁ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့ဆိပ်တော် အလှူခံရရှိတော်မူတော် ဆရာတော်ကြီး ၇ ပါး နှင့် သီလရှင်ဆရာကြီး ၁ ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ၂ဝ၂၁ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ၊ နိကာယ်ငါးရပ်စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် ဖြေဆို အောင်မြင်တော်မူသည့် စာအောင်သံဃာတော်နှင့် သီလရှင် ၂၆၅ ပါးတို့အား ပူဇော်သော စူဠဘွဲ့ နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ အ.လ.ကကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Dec 27,2021
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ပြည်ကြီးမဏ္ဍိုင်မြို့ အလယ်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကျောင်းတွင်းအားကစားပြိုင်ပွဲကို ယနေ့ နံနက် (၁၀)နာရီက စတင်၍ အ.လ.က ကျောင်းဝင်းအတွင်း ကျောင်းကော်မတီက ကျင်းပပြုလုပ်သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တနန္ဒိယမဟာထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပန သာဓုကီဋ္ဌနပူဇာသဘင်ရေစက်ချအခမ်းအနားသို့ တက်ရောက်
Dec 27,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က သက်တော်(၉၃)နှစ်၊ သိက္ခာတော်(၇၃)ဝါရှိ ဘားအံမြို့ အမှတ်(၆) ရပ်ကွက်၊ ဇမ္ဗူမြိုင်ကျောင်းတိုက် ဦးစီးပဓာနနာယက  နိုင်ငံတော်ဩဝါဒါစရိယဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တနန္ဒိယမဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဋ္ဌနပူဇာသဘင် ရေစက်ချအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။