ဘီးလင်း ဒီဇင်ဘာ၂၇
သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ငလျင်ဘေးအန္တရာယ် လက်တွေ့ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်း က မြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ငလျင်ဘေးဇာတ်တိုက် လေ့ကျင့်ခြင်းကို ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေယံအောင် ဦးဆောင်သော သန္ဓမီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၂၅ ဦးနှင့် Recuse လူမှုကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးတို့ဖြင့် ငလျင်ဘေး ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ပုံ အဆင့်ဆင့်ကို ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထူးနောင် ဘီးလင်း (ပြန်/ဆက်)