သတင်းများ

မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မြန်အောင် တာမိုင်(၆/၃)အနီး မကျီးစုမြစ်ကမ်းထိန်း ကွန်ကရစ်ကျောက်ပြားများ ဧရာဝတီမြစ်ရေကျဆင်းချိန်တွင် ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိ
Dec 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက် မြန်အောင် တာမိုင်(၆/၃)အနီး ဧရာဝတီမြစ်ကမ်းဘေး မကျီးစုမြစ်ကမ်းထိန်း ကွန်ကရစ်ကျောက်ပြားများ ဧရာဝတီမြစ်ရေကျဆင်းချိန်တွင် ပျက်စီးမှု များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံး ပြိုင်ပွဲ ကျင်းပ
Dec 27,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှ ကြီးမှူးကျင်းပပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဒီပဲယင်းမြို့ ပညာရေးဌာနနှင့်ပူးပေါင်းပြီး (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြို စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က အ-ထ-က ရွှေဝါမြေခန်းမတွင် ကျင်းပခဲ့ပါသည်။
ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ် ဖွင့်ပွဲကျင်းပ
Dec 27,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့ ကျောင်းတွင်းရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးရုံးသစ် အဆောက်အဦရာနှုန်းပြည့်တည်ဆောက်ပြီးစီးပြီဖြစ်၍ အုပ်ချုပ်ရေးမှူးရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူးဦးအောင်သိန်းလှိုင် နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်သောင်း နှင့် ဌာနဆိုင်ရာများ၊ကျောင်းတွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။
ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုက ညောင်ဦးမြို့နယ် အောက်ယာတဲတိုက်သို့ ရေဂါလံ ၁၆၀၀ လှူဒါန်း
Dec 27,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်အတွင်းရှိ အောက် ယာတဲတိုက် သို့ ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ ရေဂါလံ ၁၆၀၀ ကို ယနေ့ နံနက် ၁၀နာရီ အချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
(၂၁)ရာစု ပညာခေတ်၏ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရည်အသွေးကောင်းမွန်သည့် ပညာရေးကို ဆောင်ကြဉ်းပေးနိုင်စွမ်းရှိသည့် အရည်အသွေးကောင်းမွန်သော ဆရာကောင်းများ အမှန်ပင် လိုအပ်
Dec 27,2021
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင် အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (၇/၂၀၂၀) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ပညာရေးဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။
ဗန်းမော်မြို့ သီလရှင်သင်ပညာရေးကျောင်း၌ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဆောင်ရွက်
Dec 27,2021
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် တတိယနှစ်သူနာပြု ဒီပလိုမာ သင်တန်းသား/သူများသည် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီက (၃)မိုင်၊ ရွှေပြည်သာရပ်ကွက်ရှိ ချမ်းမြေ့မဉ္ဇရီသီလရှင်သင်ပညာရေးကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
 မိတ္ထီလာခရိုင်အတွင်းရှိ  မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်တောင်သူများ  ယမန်နှစ်ကထက် ချည်မျှင်ရှည်ဝါ စျေးပိုမိုရောင်းချရ
Dec 27,2021
မိတ္ထီလာခရိုင်အတွင်းရှိ မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်တောင်သူများ ယမန်နှစ်ကထက် ချည်မျှင် ရှည်ဝါ စျေးနှုန်း ပိုမိုရောင်းချရကြောင်း    သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကွမ်းသီးများဈေးကောင်းရရှိ၍ ကွမ်းသီးခြံရှင်တောင်သူများ အဆင်ပြေ
Dec 27,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌  ကွမ်းသီးပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံတိုင်းရင်းသားပြည်သူများမှ ကွမ်းသီးပင်များကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး နှစ်စဉ်ကွမ်းသီးဈေးအတက်အကျပေါ် မူတည်၍ ကွမ်းသီးပေါ်ချိန်တွင် ပုံမှန်ဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။