ပိုင်ကျုံ ဒီဇင်ဘာ ၂၇
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ဒေါ်လန်း ကျေးရွာအုပ်စု၊ ဒေါ်လန်း-ဘုရားကုန်း ကျေးရွာ ရွာချင်းဆက် မြေသားလမ်းအား ကွန်ကရစ်လမ်း အဖြစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို နို၀င်ဘာလ ၂၄ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် (၇၀)ရာခိုင်းနှုန်းခန့် ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းသည် အရှည် (၆)ဖာလုံရှိ မြေသားလမ်းအား ကွန်ကရစ်လမ်းခင်းလမ်းခြင်း လုပ်ငန်းကို ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမ ၆ လပတ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ် ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် (၁၉၉.၄၂၉)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ယင်းလမ်းခင်းခြင်းကို တော်ဝင်ကရင်မိသားစုမှ တာ၀န်ယူဆောင်ရွက်ပြီး လုပ်ငန်းများ အချိန်မီပြီးနိုင်ရေးအတွက် ကရင်ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
လုပ်ငန်းများ ပြီးစီးပါက ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် ဥတုသုံးပါးစလုံး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူ အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)