မအူပင် ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများစည်းကမ်းလိုက်နာနိုင်ရန်၊ လမ်းဘေးဝဲယာတွင်အမှိုက်များမစွန့်ပစ်ရန် အသိပေးဆိုင်းဘုတ်ထူခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
စုပေါင်းအမှိုက်ကောက်ခြင်းအား တလုပ်လပ်အရှေ့ ကျေးရွာအုပ်စု မအူပင်မြို့အဝင်တိုးဂိတ်မှ မအူပင်တံတားထိပ်အထိ လမ်းဘေးဝဲယာတွင် ဆောင်ရွက်ခဲ့ပြီး အမှိုက်မစွန့်ပစ်ရန် အသိပေးဆိုင်းဘုတ်အား စိုက်ထူခဲ့သည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်ရာတွင် ခရိုင်စီမံကောင်စီအဖွဲ့ဥက္ကဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံကောင်စီအဖွဲ့ဥက္ကဌဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ တလုပ်လပ်ရှေ့အုပ်ချုပ်ရေးမှူးနှင့်ပြည်သူများက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ်