သတင်းများ

မုဒုံမြို့၌ ဒီဇင်ဘာလူထုအားကစားနှင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
Dec 27,2021
မွန်ပြည်နယ် မုဒုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဒီဇင်ဘာ လူထုအားကစားနှင့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
အက်စတာမေမြို့ပန်း စိုက်ပျိုးသူများပြားသော်လည်း ယခင်နှစ်ထက် စျေးကောင်းရရှိ
Dec 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူအချို့သည် ဒေါင်းမြူးချောင်းကို အခြေခံ၍ သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ အက်စတာမေမြို့ပန်းသည် စိုက်ပျိုးသူများပြားသော်လည်း ယခင်နှစ်ထက် စျေးကောင်းရရှိကြောင်း သိရသည်။
လမိုင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာ​ပေး နှိုးဆော်ချက်များ ဆက်လက်ဆောင်ရွက်
Dec 27,2021
မော်လမြိုင်ခရိုင်၊ လမိုင်းမြို့အတွင်းရှိ ရပ်ကွက်နေပြည်သူများ ​ပူပြင်းခြောက်သွေ့တဲ့ရာသီ ရောက်ရှိလာသည့်အတွက် မီးဘေးအန္တရာယ်​​ကြိုတင်ကာကွယ်ရေး အသိပညာပေး နိူးဆော် ချက်များကိုယမန်နေ့ ည ၇ နာရီက အသိပညာ​ပေးနှိုးဆော်ချက်များ ဆောင်ရွက်ခဲ့ကြသည်။ 
မာန်အောင်မြို့ စည်ပင်သာယာစျေး မီးဘေးလုံခြုံရေး မီးငြှိမ်းသတ်သရုပ်ပြသခြင်းနှင့် စစ်ဆေးခြင်းများဆောင်ရွက်
Dec 27,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် စည်ပင်သာယာစျေးတွင် မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်းနှင့် စစ်ဆေးခြင်းများကို ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ
Dec 27,2021
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနမှကြီးမှူး၍ ၂၀၂၂-ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ကြိုဆိုသောအားဖြင့် ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ကြကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကလေးစာဖတ်ခန်းမှ ကလေးငယ်များအတွက် ဗဟုသုတ တိုးပွားစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်/စာစောင်များကို လေ့လာဖတ်ရှုသည့် အလေ့အထ ကောင်းများ ဖြစ်လာစေရန်နှင့် ယခုကဲ့သို့ ဆေးရောင်ခြယ်ပြုင်ပွဲများမှစ၍ ဆေးရောင်များ မှန်ကန်စွာ ရွေးချယ်တတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ် ရခြင်း ဖြစ်ကြောင်းစသည့်တို့ကို ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်းမှ ရှင်းလင်း ပြောကြားပေးသည်။
စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ်(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၆၇၉၅)ဦး ထိုးနှံပေးလျက်ရှိ
Dec 27,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများမှ အသက်(၁၈)နှစ်အထက်  ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ်(ဒုတိယ)အကြိမ်  ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ (၆၇၉၅) ဦး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "လွတ်လပ်ရေးရသည်မှ နှစ်လေးဆယ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Dec 27,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင် လူငယ်များပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် "လွတ်လပ်ရေးရသည်မှ နှစ်လေးဆယ်" စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း ကို ယနေ့နံနက် (၁၁) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် Handspeaker ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။