ကံမမြို့၌ ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်

ကံမ ဒီဇင်ဘာ  ၂၇

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ  ၅ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ် (၁)ရပ်ကွက်  မင်းကုန်းရပ်၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ကိုဗစ်၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အတွက်မိဘပြည်သူများအနေဖြင့် အိမ်တွင်း၌သာနေထိုင်ကြရန် ၊ နေအိမ်ပြင်ပသို့သွားရောက်ရန်ရှိပါက ပါးစပ် နှင့် နှာခေါင်းစည်းစနစ်တကျတပ်ဆင်သွားလာကြရန် ၊ လက်ကိုစက္ကန့် ၂၀ ကြာဆေးကြောကြရန် ၊ လူစုလူဝေးပြုလုပ်ခြင်း များရှောင်ကျဉ်ကြရန်ရောဂါကူးစက်မှုလျော့နည်းပပျောက်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထား သောကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလမ်းညွှန်ချက်များကို ပြည်သူများအားလုံးကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

ကျော်ဇေယျဝင်း(ကံမ)