ရွှေကူမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများနှင့် ဖူဆယ်လ်ဘောလုံး (အလွတ်တန်း) ပြိုင်ပွဲများ ကျင်းပ

ရွှေကူ     ဒီဇင်ဘာ    ၂၇

၂၀၂၂   ခုနှစ်၊  ဇန်နဝါရီလ  ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် မြို့မအားကစားကွင်းတွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ အားကစားပြိုင်ပွဲများနှင့် ဖူဆယ်လ်ဘော လုံး(အလွတ်တန်း)ပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိကြောင်း မြို့နယ်အား ကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများအား မြို့နယ်အတွင်း၌ မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွန်းလာစေရန်နှင့် မြို့နယ်အတွင်းရှိ အများပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ကိုယ်လက်လှုပ်ရှားအားကစားများဖြင့် ပျော်ရွှင် စည်ကားသိုက်မြိုက်စေရေးအတွက် ရွှေကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးခန့်မျိုးမောင်၏ ဦးဆောင်မှုဖြင့် မြို့နယ်အားကစားပြိုင်ပွဲများကို ကျင်းပခြင်းဖြစ်ရာ ကလေး မုန့်စား ပြိုင်ပွဲ၊ ဂုန်နီအိတ်စွတ်ပြိုင်ပွဲ၊ မီတာ(၁၀၀)နှင့်(၂၀၀) အပြေးပြိုင်ပွဲ၊  ပိုက်ကျော်ခြင်း(အလွတ်တန်း) ကြက် တောင်ရိုက်(အကြီးတန်း)ပြိုင်ပွဲများနှင့် ဖူဆယ်လ်ဘောလုံး(အလွတ်တန်း၊ အငယ်တန်း)ပြိုင်ပွဲကို အသင်း(၁၂) သင်း ပတ်လည်စနစ်ဖြင့် အုပ်စု()အုပ်စုခွဲကာ ယှဉ်ပြိုင်ကစားလျက်ရှိပြီး ဒီဇင်ဘာလ (၂၇)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ()ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲများသို့ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူငယ်များနှင့် ကျေးရွာများရှိ လူငယ်များမှ အသင်းများဖွဲ့ကာ ပါဝင်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်းလည်း သိရသည်။

အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား   ၂၀၂၂  ခုနှစ်၊ ဇန်နဝါရီလ    ရက်နေ့ ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဆုများအသီးသီး ချီးမြှင့်သွား မည်ဖြစ်ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)