သတင်းများ

ချောင်းဆုံမြို့နယ်တွင် ငါးသယံဇာတတိုးပွားရေး  ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ
Dec 27,2021
ငါးသယံဇာတတိုးပွားစေရေးနှင့် ရေရှည်စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရေး၊ ငါးရိက္ခာဖူလုံစေရေး ရည်ရွယ်ချက်ဖြင့် မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ချက်အရ ချောင်းဆုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့နံနက်၈နာရီက ချောင်းဆုံမြို့၊ မဟာကန်တော်ကြီးအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်သည်။
“၇၄”နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Dec 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊‌ ဇေယျာသီရိမြို့နယ်တွင် “၇၄”နှစ်မြောက် လွတ်လပ်ရေး နေ့အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေသင်ဖြူးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။                            
သာစည်မြို့နယ်တွင် မနောသုခ မိုးစပါးစံကွက်ရိတ်သိမ်းရာတစ်ဧက စပါးအစို ၈၅ တင်းထွက်ရှိ
Dec 27,2021
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့်ခရိုင် လယ်ယာမြေစီမံ ခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ပူးပေါင်း၍ ခရိုင်အဆင့်မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၁၀ နာရီက သာစည်မြို့နယ်ကန်သစ်ကျေးရွာ ကွင်းအမှတ် ၁၈၄၇၊ ဦးပိုင်အမှတ် ၄၈/ခ မျိုးသန့်စိုက်တောင်သူဦးကျောက်ခဲ၏ မနောသုခအကွက်၌ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဖျာပုံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်း စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲ ကျင်းပ
Dec 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျောင်းစုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်း တွင်း စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်ဦးတည်ချက်(၉)ရပ် ဖော်ဆောင်နေမှု မှတ်တမ်းဓါတ်ပုံများအား ပြသထားရှိ
Dec 27,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ရုံးရှေ့မြေစိုက် နံရံကပ်ဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ပြည်သူများ လေ့လာသိရှိနိုင်ရန်ရည်ရွယ်၍ ဗီနိုင်းပိုစတာ မှတ်တမ်းဓါတ်ပုံများဖြင့် ယနေ့၊ နံနက်ပိုင်းက စတင်ခင်းကျင်းပြသထားလျက်ရှိသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ (Mask Campaign) ပြုလုပ်ဆောင်ရွက်
Dec 27,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇ‌ပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း (Mask) မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး (Mask Camapaign) ကို ယနေနံနက် ၈နာရီအချိန်တွင် လူစည်ကားရာ နေရာများဖြစ်သော ဦးပုညလမ်းနှင့် အမှတ်(၁၆)ရပ်ကွက်ရုံးရှေ့တို့တွင် ဆောင်ရွက်ခဲ့သည်။ ပါးစပ်/နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်ရာတွင် အမှတ်(၁၆) ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံးတွင် ဧည့်စာရင်း လာ‌ရောက်တိုင်သူများ၊‌‌ ကျောင်းသား/သူများ၊ ဈေးဝယ်၊‌ဈေးရောင်းသူများအား စနစ်တကျ (Mask) တပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်ခဲ့ပြီး Mask တပ်ဆင်ခြင်းမရှိသူများအား Mask အခု ၁၀၀၀ အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Dec 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘက်စုံသုံးခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာတွင် ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရေး ( VDP ) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်း အကောင်အထည် ဆောင်ရွက်
Dec 27,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ၊ ‌ခြောက်လတာကာလအတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဆောင်ရွက်ပေးခြင်းကို စီမံကိန်းရန်ပုံငွေကျပ် သိန်း (၁၀၀)ဖြင့် ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ် ကျေးရွာနေပြည်သူများ ရာသီမရွေး သွားလာနိုင်ရေးအတွက် ကျေးရွာတွင်းကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။