သာစည်မြို့နယ်တွင် မနောသုခ မိုးစပါးစံကွက်ရိတ်သိမ်းရာတစ်ဧက စပါးအစို ၈၅ တင်းထွက်ရှိ

သာစည် ဒီဇင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့်ခရိုင် လယ်ယာမြေစီမံ ခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ပူးပေါင်း၍ ခရိုင်အဆင့်မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၁၀ နာရီက သာစည်မြို့နယ်ကန်သစ်ကျေးရွာ ကွင်းအမှတ် ၁၈၄၇၊ ဦးပိုင်အမှတ် ၄၈/ခ မျိုးသန့်စိုက်တောင်သူဦးကျောက်ခဲ၏ မနောသုခအကွက်၌ပြုလုပ်ခဲ့ကြောင်းသိရသည်။

စံကွက်ရိတ်သိမ်းရာတွင်၀.၉၀ ဧကကို စံကွက်အဖြစ်သတ်မှတ်ပြီး ရိတ်သိမ်းခဲ့ရာ တစ်ဧက လျင် စပါးအစို၈၅တင်း ထွက်ရှိကြောင်းသိရသည်။မိုးစပါးရိတ်သိမ်းရာတွင် တက်ရောက် လာ သောတောင်သူများ နည်းပညာရရှိစေရန် သီးနှံအစိုဓာတ်တိုင်းကိရိယာ ဖြင့်တိုင်းတာပြီး အထွက်နှုန်းကို လက်တွေ့ပြသကာတောင်သူများအားနည်းပညာပေးခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်မိုးမိုးငွေထံက သိရသည်။ အဆိုပါ မိုးစပါးစံကွက် ရိတ်သိမ်း  ပွဲသို့ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်ဇော်ဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်နှင့်မြို့ နယ်  လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်မှ  ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။              

 မြို့နယ်(ပြန်/ဆက်)