ချောင်းဆုံ ဒီဇင်ဘာ ၂၇
ငါးသယံဇာတတိုးပွားစေရေးနှင့် ရေရှည်စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရေး၊ ငါးရိက္ခာဖူလုံစေရေး ရည်ရွယ်ချက်ဖြင့် မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ချက်အရ ချောင်းဆုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့နံနက်၈နာရီက ချောင်းဆုံမြို့၊ မဟာကန်တော်ကြီးအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် ၂ လက္မအရွယ်နှင့်အထက် ငါးမြစ်ချင်းနှင့်ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ စုစုပေါင်း (၁)သိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား(၃၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)