ပုဏ္ဏားကျွန်းမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်ဦးတည်ချက်(၉)ရပ် ဖော်ဆောင်နေမှု မှတ်တမ်းဓါတ်ပုံများအား ပြသထားရှိ

ပုဏ္ဏားကျွန်း  ဒီဇင်ဘာ  ၂၇

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ရုံးရှေ့မြေစိုက် နံရံကပ်ဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ပြည်သူများ လေ့လာသိရှိနိုင်ရန်ရည်ရွယ်၍ ဗီနိုင်းပိုစတာ မှတ်တမ်းဓါတ်ပုံများဖြင့် ယနေ့၊ နံနက်ပိုင်းက စတင်ခင်းကျင်းပြသထားလျက်ရှိသည်။

ထိုသို့ပြသထားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်နေ့သည့် မှတ်တမ်းဓါတ်ပုံများနှင့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် မှတ်တမ်းများအား ပြည်သူများလေ့လာဖတ်ရှုသိရှိနိုင်ရန် ဝေဝေဆာဆာဖြင့် ခင်းကျင်းပြသ ထားလျက်ရှိရာ လမ်းသွား၊ လမ်းလာ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုလျက်ရှိကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)