ဖျာပုံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်း စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲ ကျင်းပ

ဖျာပုံ     ဒီဇင်ဘာ      ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျောင်းစုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၂ ခုနှစ်ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်း တွင်း စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲပြုလုပ်ရာတွင် ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် လွတ်လပ်ရေး၏ အနှစ်သာရကို သိရှိနားလည်ပြီး တန်ဖိုးထားတတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင်က ပြောကြားသည်။

ထိုနောက် ကျောင်းစုကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး  ဒေါ်စုစုလှိုင်နှင့် ဆရာ/ ဆရာမကြီးများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာ ပေးဟောပြောကြပြီး (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းတွင်းစာစီစာကုံးပြိုင်ပွဲကိုလည်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်