ဇေယျာသီရိ ဒီဇင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် “၇၄”နှစ်မြောက် လွတ်လပ်ရေး နေ့အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေသင်ဖြူးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ရွှေသင်ဖြူးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မင်းမင်းလှိုင်က ကျောင်းသား/ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးနေ့ သမိုင်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယခုလို ပြိုင်ပွဲကျင်းပခြင်း ဖြစ် ကြောင်းပြောကြားခဲ့သည်။ထို့နောက် အလယ်တန်းနှင့် မူလတန်းမှ ကျောင်းသား/ ကျောင်းသူ ကလေးငယ်များက လွတ်လပ်ရေးကိုထိန်းသိမ်းဖို့ ပြည်သူအားလုံးပါဝင်စို့၊ ထိန်းသိမ်း မြတ်နိုး လွတ်လပ်ရေးတန်ဖိုး၊ မြန်မာ့လွတ်လပ်ရေးပါဝင်ဆင်နွှဲပေး၊ လွတ်လပ်ခြင်းသည် အမြတ်ဆုံး ရတနာ၊ လွတ်လပ်ရေးနေ့တို့မမေ့နှင့် ပါဝင်ဆင်နွှဲလွတ်လပ်ရေးအောင်ပွဲ ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့် ကျောင်းသား/ ကျောင်းသူများကို ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)