သတင်းများ

ပန်းတနော်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကျပန်းစကားပြောနှင့် အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကျပန်းစကားပြောနှင့် အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပခြင်းကို ယနေ့နံနက် ၁၁ နာရီက ပန်းတနော်မြို့ အ.ထ.က(၁)ကျောင်း မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မဟာအောင်မြေမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေး‌နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀) နာရီတွင် မဟာ‌အောင်မြေမြို့နယ်အတွင်းရှိ ဈေးများနှင့်ဌာန ဆိုင်ရာများ ကျောင်းများသို့ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jan 03,2022
နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းမှစ၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်ကျင်းပရာ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ၊ ပရဟိတအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့သည်။
ဖျာပုံမြို့တွင်(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဦးစီးဌာန (ရုံးချုပ်) ကထုတ်ဝေသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက  ဖြန့်ဝေခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ ပဥ္စမအကြိမ် အခြေခံလူတန်းစား အိမ်ထောင်စုဝင် (၁၀၀၀)ဦးအတွက် ထမင်းထုပ်များလှူဒါန်း
Jan 03,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဘုရင့်နောင်စျေးတွင် အခြေခံလူတန်းစား အိမ်ထောင်စုဝင် (၁၀၀၀)ဦးစာအတွက် ထမင်းထုတ်များကို မြို့ဖွံဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့မှ ယနေ့နံနက် ၉ နာရီခွဲက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး ပြည်သူများအား အသိပညာပေးနှိုးဆော်
Jan 03,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုး မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို အသိပညာပေးနှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၉နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ကြောင်း သိရသည်။
ကျိုက်လတ်မြို့၌  လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ဖြန်ဝေခဲ့သည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် နို့ထိုခေး-ကွီးပညာ ရွာချင်းဆက် လမ်းအား ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်း (၉၀) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး
Jan 03,2022
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ နို့ထိုခေး-ကွီးပညာ ရွာချင်းဆက်လမ်းအား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း ကို နို၀င်ဘာလ ၁၀ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် (၉၀) ရာခိုင်နှုန်းခန့်ထိ ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။