နွားထိုးကြီး ဇန်နဝါရီ ၃
နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းမှစ၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်ကျင်းပရာ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ၊ ပရဟိတအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့သည်။
တက်ရောက်လာသူများကို မြို့နယ်ဦးစီးမှူး ဦးတင့်လွင်ဦးမှ စာအုပ်စာစောင်ပြပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ၊ ပရဟိတအသင်း အဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသ ထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များကို လေ့လာခဲ့ကြပြီး မိမိတို့ဖတ်ရှု့လိုသည့် စာအုပ်များကိုဌားာရမ်းရာ စာကြည့်တိုက်တာဝန်ခံ ဒေါ်ကြည်ကြည်စန်းမှ ပြန်လည်ငှားပေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်