ပန်းတနော်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကျပန်းစကားပြောနှင့် အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

ပန်းတနော် ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကျပန်းစကားပြောနှင့် အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပခြင်းကို ယနေ့နံနက် ၁၁ နာရီက ပန်းတနော်မြို့ အ.ထ.က(၁)ကျောင်း မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားတွင် ​မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကျပန်းစကားပြောနှင့်အားကစားပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တက်ရောက်လာကြသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီး ဌာန၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ ဆက်)