မဟာအောင်မြေမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေး‌နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မဟာအောင်မြေ  ဇန်နဝါရီ  ၃

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀) နာရီတွင် မဟာ‌အောင်မြေမြို့နယ်အတွင်းရှိ ဈေးများနှင့်ဌာန ဆိုင်ရာများ ကျောင်းများသို့ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် (၄) ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသား ညီညွတ်ရေးဆိုသည်မှာ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိက (နိုင်ငံခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းကောက်နုတ်ချက်များ) စာရေးဆရာဖိုလေးလုံးသောင်းကိုကို ရေးသားသောတို့များ ဆင်မြန်းလွတ်လပ်ပန်း (ကဗျာ)၊ ကမ္ဘာတည်သရွေ့ မြန်မာ့ လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးအတွက် မျိုးချစ်စိတ်ထက်သန်သည့် မိမိတို့တိုင်းရင်းသားအားလုံးက ပြည်ထောင်စု စိတ်ဓါတ်၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုစိတ်ဓါတ်တို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ် ကြောင်းနှင့် လွတ်လပ်ရေးနေ့ အသိပညာပေးရုပ်ပြများ ပါဝင်သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေရာသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်သူများနှင့် ကျောင်းသား/သူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

ခင်နှင်းဆီ