သတင်းများ

ငါးသိုင်းချောင်းမြို့၊ အ-ထက၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Jan 03,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-ထ-က ကျောင်းခန်းမ၌ ကျောင်းတွင်းစာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ဇန်နဝါရီလ ၃ ရက်နေ့၊နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 03,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ အားကစားကွင်းအတွင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကျင်းပပြုလုပ်ခဲ့သည်။
အမာမြို့၌  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို Talk Show ကျင်းပ
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို Talk Show ကို ယနေ့  နံနက်(၁၁)အချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ် အားကစားကွင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို)အားကစားပြိုင်ပွဲများ ပြုလုပ်
Jan 03,2022
ပဲခူးတိုင်းဒေသကြီး၊ပေါက်ခေါင်းမြို့တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက စတင်၍ မြို့နယ်အားကစားကွင်းနှင့် အားကစားခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် ကံဆွယ်အုပ်စုကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်
Jan 03,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦး စီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့ နံနက်ပိုင်း က ပွင့်ဖြူမြို့နယ် ကံဆွယ်အုပ်စုကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအခမဲ့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လွပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၂ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက် မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် "သတင်းစကား" လက်​ကမ်း​စာစောင် ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ က ယနေ့နံနက်ပိုင်းတွင် လူစည် ကားရာနေရာများ၌  ဖြန့်ဝေပေးခဲ့သည်။
မြန်မာတို့၏ ရှေးဟောင်းယဉ်ကျေးမှုဗုဒ္ဓအမွေ စန္ဒကူးနံ့သာကျောင်းတော်ရာမြေ
Jan 03,2022
အခါတပါးက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သုနာပရန္တတိုင်း ဝါဏိဇ္ဇဂါမရွာမှ မဟာပုဏ္ဏနှင့် စူဠပုဏ္ဏကုန်သည် ညီနောင်နှစ်ယောက်ရှိရာ အစ်ကိုဖြစ်သူ မဟာပုဏ္ဏ သူကြွယ်သားသည် လှည်းပေါင်းငါးရာနှင့် ကုန်လှည့်လည် ရောင်းဝယ်ရင်း မဇ္ဈိမဒေသ ကောသလတိုင်း သာဝတ္ထိပြည်သို့ ဆိုက်ရောက်ခဲ့လေသည်။
မိုင်းခုတ်မြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပျော်ရွှင်စရာ ဂိမ်းကစားနည်း ပြိုင်ပွဲများ ကျင်းပ
Jan 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်၊ ပျော်ရွှင်မှုရရှိစေရန်နှင့် တစ်ဉီးနှင့် တစ်ဉီးရင်းနှီးချစ်ခင်ပြီး ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရရှိစေရန်ရည်ရွယ်၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပျော်ရွှင်စရာ ဂိမ်းကစားနည်းပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။