ဖျာပုံ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဦးစီးဌာန (ရုံးချုပ်) ကထုတ်ဝေသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ၊အမျိုးသားရေး ဦးတည် ချက်များ ၊ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သော မိန့်ခွန်းကောက်နုတ်ချက်များ ၊ (၁၉၄၈) ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ဝန်ကြီးချုပ် ဦးနုပြောကြားခဲ့သော မိန့်ခွန်းကောက်နုတ်ချက် ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ မိန့်ခွန်း ကောက်နုတ်ချက် ၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ ၊ လွတ်လပ် ရေးနေ့ အထိမ်းအမှတ်ကဗျာ ၊ ကာတွန်းနှင့်သိမှတ်ဖွယ်ရာများ ပါဝင်သည့် သတင်းစကားလက်ကမ်း စာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ ဈေးများ ၊ လူစည်ကား ရာနေရာများ တွင် ဖြန့်ဝေပေးခဲ့ပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တွင်လည်း ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဝင်းနိုင်