ဟိုပင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jan 03,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့တော်ခန်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ က Sinoparm တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ဟိုပင်မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုရှိ အသက် ၁၈ နှစ်အထက် ကာကွယ်ဆေးမထိုးရသေးသော ပြည်သူ ၁၃၆ ဦးနှင့် အ.ထ.က ဟိုပင်၊ အ.ထ.က စက်ကုန်း၊ အ.ထ.က မြသီတာ၊ အ.ထ.က တကွင်း ၊ အ.ထ.က မြို့သစ်ကလေးနှင့် အ.ထ.က ရွာသစ်ကြီး ၊ အ.လ.ကခွဲ မြေနု၊ အ.လ.ကခွဲ အနောက် ၊ အ.လ.က အင်းလေး၊ အ.လ.က ခွဲ နန့်ရင်း ၁နှင့် အ.လ.က အရှေ့ကွက်သစ်ကျောင်းများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် အသက်၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ ၄၈၀ ဦးကို ဆက်လက်ထိုးနှံပေးခဲ့ပြီး အပြည့်ထိုးနှံပြီးသည့် ကျောင်းသားကျောင်းသူ ၁၄၀၀ ဦးကျော်ရှိပြီးဖြစ်ကြောင်း သိရှိရသည်။