ကျိုက်လတ် ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ဖြန်ဝေခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော မိန့်ခွန်း ကောက်နုတ်ချက်များ၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ဝန်ကြီးချုပ် ဦးနု ပြောကြားခဲ့သော မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်၊ မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ ကာတွန်းနှင့် သိမှတ်ဖွယ်ရာများပါဝင်သည့် သတင်းစကားလက်ကမ်း စာစောင်များကို ကျောင်းသားကျောင်းသူ များပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ ကျောင်းများ၊ မြို့မဈေးကြိီးနှင့်လူစည်ကား ရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြသည်။
ဌေးဌေးလှိုင်