တာချီလိတ်မြို့၌ ပဥ္စမအကြိမ် အခြေခံလူတန်းစား အိမ်ထောင်စုဝင် (၁၀၀၀)ဦးအတွက် ထမင်းထုပ်များလှူဒါန်း

တာချီလိတ်၊ ဇန်နဝါရီ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဘုရင့်နောင်စျေးတွင် အခြေခံလူတန်းစား အိမ်ထောင်စုဝင် (၁၀၀၀)ဦးစာအတွက် ထမင်းထုတ်များကို မြို့ဖွံဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့မှ ယနေ့နံနက် နာရီခွဲက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အခြေခံလူတန်းစားများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အလှူရှင်များ လှူဒါန်းပေးနေမှုကို တာချီလိတ် စစ်ဗျူဟာ(အခြေချ) စစ်ဗျူဟာမှူးဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့် မြို့ဖွံဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌဦးထွန်းနေဦး ဦးဆောင်သော အဖွဲဝင်များက အလှူရှင်များကိုယ်စား စီစဉ်လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လှူဒါန်းပေးသည့် ထမင်းထုပ် တစ်ထုပ်လျင် ထိုင်းဘတ်ငွေ -၂၀ (ကျပ် ၁၀၀ဝ ကျော်) တန်ဖိုးရှိပြီး ထမင်းထုပ် စုစုပေါင်း (၁၀၀၀)အတွက် ကျပ်(၁၀)သိန်းကျော်ကို အပတ်စဉ် လှူဒါန်းပေးလျက်ရှိရာ ယနေ့အတွက် နန်းရွှေကျင်းရွှေဆိုင်ပိုင်ရှင် ဦးစိုင်းစွမ်ဝဒ်နှင့် ဒေါ်နန်းထက်ဧကရီတို့မှ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယာဆေး( ပြန်/ဆက်)