သတင်းများ

လှိုင်းဘွဲမြို့နယ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ
Jan 03,2022
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကရင်သက္ကရာဇ် ၂၇၆၁ခု နှစ်၊ ပြာသိုလဆန်း (၁) ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ယမန်နေ့က လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jan 03,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့တော်ခန်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီ  မိနစ် ၃၀ က  Sinoparm တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို  ဟိုပင်မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုရှိ   အသက် ၁၈ နှစ်အထက် ကာကွယ်ဆေးမထိုးရသေးသော  ပြည်သူ ၁၃၆ ဦးနှင့် အ.ထ.က ဟိုပင်၊ အ.ထ.က စက်ကုန်း၊ အ.ထ.က မြသီတာ၊ အ.ထ.က တကွင်း ၊ အ.ထ.က မြို့သစ်ကလေးနှင့် အ.ထ.က ရွာသစ်ကြီး ၊ အ.လ.ကခွဲ မြေနု၊ အ.လ.ကခွဲ အနောက် ၊ အ.လ.က အင်းလေး၊ အ.လ.က ခွဲ နန့်ရင်း ၁နှင့် အ.လ.က အရှေ့ကွက်သစ်ကျောင်းများမှ  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် အသက်၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ ၄၈၀ ဦးကို ဆက်လက်ထိုးနှံပေးခဲ့ပြီး အပြည့်ထိုးနှံပြီးသည့် ကျောင်းသားကျောင်းသူ ၁၄၀၀ ဦးကျော်ရှိပြီးဖြစ်ကြောင်း သိရှိရသည်။
ပိုင်ကျုံမြို့၊ ပေါက်​လောက်ကျေးရွာအုပ်စုတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Jan 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊​ ပေါက်လောက်ကျေးရွာအုပ်စုတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ)အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ကပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ငါ့သရောက်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဂုဏ်ပြုထုတ်ဝေသည့်၊ သတင်းစကားလက်ကမ်း စာစောင်များကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့်ဝန်ထမ်းများက၊ ယနေ့နံနက်(၁၀)နာရီက ငါ့သရောက်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများထံ ဖြန့်ဝေပေးခဲ့ကြ ကြောင်းသိရသည်။
နမ္မတူမြို့နယ် ခိုဖိတ်ကျေးရွာရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၃)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Jan 03,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) (၃)လအတွက်  နမ္မတူမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ခိုဖိတ်ကျေးရွာ၌ လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၉)နာရီအချိန်က ဌာနဆိုင်ရာရုံးများ၊ မြို့မဈေး၊ ကားဂိတ်နှင့် လူစည်ကားရာ နေရာတို့တွင် ဖြန့်ဝေခဲ့သည်။
ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိပညာပေး  လိုက်လံနှိုးဆော်
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင် ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ရာတွင် ပူးပေါင်း ပါဝင်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီ က မြို့မဈေးကြီးနှင့် ရပ်ကွက်များအတွင်း လှည့်လည် ကြေညာခဲ့ကြကြောင်းသိရသည်။
ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ကြီး၌ (၄၈) ကြိမ်မြောက်ဆွမ်းဆန်စိမ်း​လောင်းလှူပွဲကျင်းပ
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ နန်းဦး ဘုရားကြီးတန်​ဆောင်း၌ (၄၈)ကြိမ်မြောက် ဆွမ်းဆန်စိမ်း​လောင်းလှူပွဲကိုယ​နေ့ မွန်လွဲ ၂ နာရီက ကျင်းပပြုလုပ်ရာ အခမ်းအနားကို” နမောတသ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကောဝိဒ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။