သတင်းများ

ပျော်ဘွယ်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အာယုသုခ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ ကျင်းပ
Jan 03,2022
ပျော်ဘွယ်မြို့နယ်တွင် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အာယုသုခ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ဇန်နဝါရီလ (၃)ရက်၊ နံနက်(၁၀)နာရီက ရွှေပြည်ရန်အောင်ရပ်ကွက်၊ ဝန်ထမ်းအိမ်ယာအနီးရှိ အဆိုပါစက်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို့နယ်အခြေခံ ပညာအထက်တန်းကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်း တွင်း စာစီစာကုံးနှင့် ကျပန်းစကား ပြောပြိုင်များ ကျင်းပ
Jan 03,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေး နေ့အကြိုအထိမ်းအမှတ်အဖြစ် ကျောင်းတွင်း စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်များကို မြို့နယ်အတွင်းရှိ အ​​ခြေခံပညာကျောင်းတို့၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဟိုပုံးမြို့၌ (၇၄)နှစ်မြောက် လွပ်လပ်ရေးနေ့အကြို အသက်(၁၃)နှစ်အောက် ဘောလုံးပြိုင်ပွဲကျင်းပ
Jan 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် (၇၄)နှစ်မြောက် လွပ်လပ်ရေးနေ့အကြို အသက်(၁၃)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်သည်။
မိုင်းငေါ့မြို့တွင် အသက် (၁၈)နှစ်အထက် ပြည်သူ(၉၅)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး    
Jan 03,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊မိုင်းငေါ့မြို့တွင် ယမန်နေ့နံနက် (၉)နာရီအချိန် ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေး အသက် (၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်သွားမည်
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းများအား ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ပြုလုပ်ဆောင်ရွက်
Jan 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယနေ့နံနက်(၉) နာရီအချိန်က ရပ်ကွက်နှင့်ကျေးရွာများရှိ မွေးကင်းစမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား  လစဉ်ပုံမှန်ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျဉ်းမပင်မွေးမြူရေးခြံ၌ (ပထမအကြိမ်) မြန်မာ့ နွားသိုးအလှ၊ နို့စားနွား၊ အသားစား နွား၊ သိုးနှင့် ဆိတ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ပျဉ်းမပင်မွေးမြူရေးခြံ၌ (ပထမအကြိမ်) မြန်မာ့နွားသိုးအလှ၊ နိုးစားနွား၊ အသားစားနွား၊ သိုးနှင့်ဆိတ် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jan 03,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၁) နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူ အသင်းနှင့် ပူးပေါင်း၍ စာရေးဆရာနတ်သျှင် (ရွှေဂူ) ၏ "လူငယ်များကိုပျိုးထောင်ပေးပ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲဆောင်ရွက်ကြောင်း သိရသည်။