ဟိုပင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ဟိုပင် ဇန်နဝါရီ ၃     

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့တော်ခန်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီ  မိနစ် ၃၀ က  Sinoparm တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို  ဟိုပင်မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုရှိ   အသက် ၁၈ နှစ်အထက် ကာကွယ်ဆေးမထိုးရသေးသော  ပြည်သူ ၁၃၆ ဦးနှင့် အ.ထ.က ဟိုပင်၊ အ.ထ.က စက်ကုန်း၊ အ.ထ.က မြသီတာ၊ အ.ထ.က တကွင်း ၊ အ.ထ.က မြို့သစ်ကလေးနှင့် အ.ထ.က ရွာသစ်ကြီး ၊ အ.လ.ကခွဲ မြေနု၊ အ.လ.ကခွဲ အနောက် ၊ အ.လ.က အင်းလေး၊ အ.လ.က ခွဲ နန့်ရင်း ၁နှင့် အ.လ.က အရှေ့ကွက်သစ်ကျောင်းများမှ  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် အသက်၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ ၄၈၀ ဦးကို ဆက်လက်ထိုးနှံပေးခဲ့ပြီး အပြည့်ထိုးနှံပြီးသည့် ကျောင်းသားကျောင်းသူ ၁၄၀၀ ဦးကျော်ရှိပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ  ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင်  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊

ကုသရေးမြို့အဆင့် လုပ်ငန်းကော်မတီဝင်များ၊ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ဌာန

ဆိုင်ရာများ၊ဆရာဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်    မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်တို့က

ဝိုင်းဝန်း ကူညီဆောင်ရွက်ခဲ့ကြကြောင်း  သိရှိရသည်။                                     

 

တိုးတိုး